ကျိုက်လတ် ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့သန့်ရှင်း သာယာလှပရေးနှင့် ပြည်သူများ စည်းကမ်းလိုက်နာလိုက်နာကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့်ပစ်ခြင်း မရှိစေရန် အသိပညာပေးခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက် (၈)နာရီက မြို့အဝင် စစ်ဆေးရေးဂိတ်အနီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ဇေယျ၊ အဖွဲ့ဝင် ဗိုလ်မှူးရဲမင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ပြည်သူများ စည်းကမ်းလိုက်နာကြရန်၊ စည်းကမ်းမဲ့လမ်းဘေးများ တွင် အမှိုက်စွန့်ပစ်ခြင်း မပြုကြရန်နှင့် မြို့နယ် သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများ စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်