ကျုံပျော် ဒီဇင်ဘာ ၂၈
ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးရရှိခဲ့ပုံသမိုင်းကြောင်း၊ ဦးတည်ချက်နှင့် အနှစ်သာရတို့ကို နားလည်သိရှိစေရန်နှင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
စာစီစာကုံးပြိုင်ပွဲ ခေါင်းစဉ်မှာ "လွတ်လပ်ရေးနေ့တို့မမေ့" ဖြစ်ပြီး၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်း အဆင့်ကျောင်းသား၊ ကျောင်းသူ (၁၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
စာစီစာကုံးဖြေဆိုချိန်ကို နံနက် ၁၀ နာရီမှ ၁၁ နာရီ ၃၀ မိနစ်အထိ၊ ဖြေဆိုချိန်(၁)နာရီခွဲ သတ်မှတ်ပေးထားပြီး၊ အဖြေလွှာများကို သက်ဆိုင်ရာကျောင်းမှ ဆရာ၊ ဆရာမများက စစ်ဆေးပေးသွားမည်ဖြစ်ကာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)