လသာ ဒီဇင်ဘာ ၂၈
ပြည်သူများစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများ ရရှိစေရန်၊ အသိပညာဗဟုသုတရရှိစေရန်နှင့် လူအများနှင့် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်ကာ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ဝိုင်းကျင်းပခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ လသာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နီနီအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ သည်။
ဆက်လက်၍ စာဖတ်ဝိုင်းကို ဆောင်ရွက်ရာ မြို့နယ်စာပေချစ်မြတ်နိုသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာ ချစ်ဦးညို ရေးသားသည့် တိုးတက်ခြင်း၊ ဆုတ်ယုတ် ခြင်းနှင့် ယဉ်ကျေးမှု စာမျက်နှာစာအုပ်ပါ အကြောင်းအရာများကို အသိပညာ ဗဟုသုတ ရဖွယ် အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်