ပြင်စလူမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး

ပြင်စလူ   ဒီဇင်ဘာ ၂၅

ဧရာ၀တီတိုင်းဒေသကြီး၊  လပွတ္တာခရိုင်၊  ပြင်စလူမြို့တွင်ပန်းခင်းစီမံချက်ဖြင့်  လပွတ္တာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ပြင်စလူမြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြင်စလူမြို့၊ ရပ်ကွက်များအတွင်းရှိ ဒေသခံပြည်သူများအတွက် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးကို  ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက သွေးအမျိုးအစားစစ်ဆေးပေးခြင်း၊ ကိုယ်ရေးမှတ်တမ်းဖြည့်သွင်းပေးခြင်း များကို ဆောင်ရွက်ပေးခြင်း၊သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်ထောင်စု ဇယားများ တိုက်ဆိုင်စစ်ဆေးပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဝင်းထွန်း(ပြန်/ဆက်)