ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ် ဖွင့်ပွဲကျင်းပ
Dec 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့ ကျောင်းတွင်းရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးရုံးသစ် အဆောက်အဦရာနှုန်းပြည့်တည်ဆောက်ပြီးစီးပြီဖြစ်၍ အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူးဦးအောင်သိန်းလှိုင် နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်သောင်း နှင့် ဌာနဆိုင်ရာများ၊ကျောင်းတွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။