(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့်အားကစားပြိုင်ပွဲများပြုလုပ်

လှိုင်းဘွဲ  ဒီဇင်ဘာ  ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ပြုလုပ်ကျင်းပပေးခဲ့ကြောင်း သိရသည်။

အခြေခံပညာ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးကို ထိန်းသိမ်းဖို့ တိုင်းရင်းသားများ စည်းလုံးစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံ ပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား  လွတ်လပ်ရေးနေ့ ဒို့မမေ့ ခေါင်းစဉ်များဖြင့် စာစီစာကုံးပြိုင်ပွဲကို ပြုလုပ်ကျင်းပပေးခဲ့ပြီးနောက် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူလေးများအတွက် လွန်ဆွဲပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် မီတာ(၅၀)တာ တိုအပြေးပြိုင်ပွဲ များကို ပြုလုပ်ကျင်းပပေးခဲ့ကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)