တုံတာမြို့ အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲများကျင်းပ

တုံတာ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အထက် တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်များက အိတ်စွပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ပူစီဖောင်းဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ထုတ်စည်းတိုး ပြိုင်ပွဲများကိုလည်းကောင်း အသီးသီးပျော်ရွှင်စွာ ကျင်းပခဲ့ပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ အခမ်း အနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြိုင်ပွဲများ ကျင်းပရခြင်းမှာ ကျောင်းသား/ကျောင်းသူများ အနေဖြင့် လွတ်လပ်ရေးကို မြတ်နိုး တန်ဖိုးတတ်စေရန်၊ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိစေရန်၊ စည်းလုံးညီညွတ်မှု ရှိစေရန်၊ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင် ကစားတတ်စေရန် ရည်ရွယ်၍ ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း