ကျိုက်ဒုံ ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပသည်။
အဆိုပါ ပြပွဲ၊ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ စာကြည့်တိုက်မှူး ဒေါ်နန္ဒာလှိုင်က (အ.ထ.က) ကျိုက်ဒုံမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတများ တိုးပွား စေရေးအတွက် အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းပုဲများ၊ စာအုပ် စာစောင်များ ပြသဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်မှူးနှင့် ဝန်ထမ်းများက မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပန်ကန်ပြားရွက် ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲများအား ကျင်းပပေးခဲ့ရာ ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ဗလာစာအုပ်ဆုများအဖြင့် ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင် (ကျိုက်ဒုံ)