(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ

ဘုတ်ပြင်း   ဇန်နဝါရီ   ၄  

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့  နံနက်(၇)နာရီအချိန်က ဘုတ်ပြင်မြို့ စည်ပင်သာယာကွင်းရှိ ယာယီလွတ်လပ်ရေး ကျောက်တိုင်၌ ယနေ့ နံနက်က ကျင်းပခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်ဝင်း ကဖတ်ကြားခဲ့သည်။

အဆိုပါ လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်း နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ ၊ နိုင်ငံရေးပါတီ များနှင့် လူမှုရေး အသင်းအဖွဲ့များ ဒေသခံမွန် တိုင်းရင်းများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

အခမ်းအနား တက်ရောက်လာကြသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရုံးချုပ်မှ ထုတ်ဝေသည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင်များကိုအခမဲ့ သိပညာပေးဖြန်ဝေခဲ့ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)