ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲသို့တက်ရောက်

တောင်ကြီး   ဇန်နဝါရီ  ၄

(၇၄)နှစ်မြောက လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားကို ဇန်နဝါရီ(၄)ရက် နံနက်(၄)နာရီမိနစ်(၂၀)က တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်အပြည့် လွှင့်ထူပေးပြီးနောက် တာဝန်ရှိသူများမှ နိုင်ငံတော်အလံအားအလေးပြုကြသည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး နယ်မြေခံတပ်မတော်သားများနှင့် ရဲတပ် ဖွဲ့ဝင်များ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ်ခရိုင်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။

 

ဆက်လက်၍ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို နံနက်(၇)နာရီက တောင်ကြီးမြို့အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပရာပထမဦးစွာ စစ်ရေးပြတပ်ခွဲကစစ်ကြောင်းများဖြင့် ချီတက်နေရာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ကျော်ထွန်းအားအလေးပြု၍ ပြည်နယ်ဝန်ကြီးနှင့်အခမ်းအနား တက်ရောက် လာသူများက ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် အလံကို အလေးပြုကြရာ ဂုဏ်ပြု စစ်တီးဝိုင်းအဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်ဂုဏ်ပြုပြီး ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုကာ ဂုဏ်ပြုစစ်ကြောင်းမှ သစ္စာအဓိဌာန် (၄)ချက်ရွတ်ဆို ကြပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ထံမှပေးပို့သော(၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာ ကိုဖတ်ကြား၍ အခမ်းအနားကိုအောင် မြင်စွာရုပ်သိမ်းလိုက်သည်။

အဆိုပါ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ဇနီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ၊ပြည်နယ်ဝန်ကြီး များနှင့် ဇနီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်ရေးပြတပ်ဖွဲ့များနှင့် ဂုဏ်ပြုစစ်တီးဝိုင်း ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ ဒေသခံတိုင်းရင်းသားပြည်သူများတက်ရောက်ကြကြောင်း သိရှိရသည်။

ထို့နောက် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်တွင် ပျော်ပွဲရွှင်ပွဲများဖြင့် ပြည်နယ်အားကစား လေ့ကျင့်ရုံကွင်းနှင့်ပြည်နယ်အားကစားကွင်းများတွင် ဌာနဆိုင်ရာပေါင်းစုံ အမျိုးသားအမျိုးသမီး လွန်ကြိုး ဆွဲပြိုင် ပွဲ၊ ခြေသုံးချောင်းထောက်ပြိုင်ပွဲ၊ အမျိုးသမီးပူစီပေါင်းပုတ်ပြိုင်ပွဲ၊ အမျိုးသားပူစီပေါင်းညှပ် ပြေးပြိုင်ပွဲ၊ ဌာနဆိုင်ရာ ဘောလုံးဂိုး ကျင်းသွင်းပြိုင်ပွဲ၊ ဂေါက်သီးကျင်းစိမ်ရိုက်ပြိုင်ပွဲ ၊ အမျိုးသားအမျိုးသမီး မီတာ(၁၀၀)နှင့် မီတာ (၂၀၀)ပြိုင်ပွဲ ၊ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသာ များက ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဘောလုံးဂိုး ကျဉ်းသွင်း နှင့် ဂေါက်သီးကျင်းစိမ်ရိုက်ပြိုင်ပွဲကို ပါဝင်ဆင်နွဲကြ၍ဆုချီးမြှင့်ပွဲ ကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်မှ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းအား ဂုဏ်ပြုဆုချီးမြှင့်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဘောလုံးဂိုးကျင်းသွင်း၌ ပထမ၊ ဒုတိယ၊တတိယဆု ရရှိသော ပြည်နယ်အဆင့် ဌာနဆိုင် ရာများနှင့် ပထမဒုတိယတတိယဆုရရှိသော ပြည်နယ်ဝန်ကြီးများ ပြည်နယ်အဆင့် အမျိုးသမီးဆုရရှိ သူများအား ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ပြည်နယ်အဆင့် အမျိုးသား၊ အမျိုးသမီး ဂေါက်သီးကျင်း စိမ်ရိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်မှ ဆုချီးမြှင့် ပေး၍ လည်းကောင်း၊ အမျိုးသား မီတာ(၁၀၀)အပြေး ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရ သူများ အားဆု တံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်ဥပဒေချုပ်ဦးစိုင်းကျော်ဇံမှဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီးမီတာ (၁၀၀)အပြေးပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများအားတိုင်းရင်း သားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီးမီတာ(၄၀၀) အပြေးပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများအားဆုတံဆိပ်နှင့် ငွေသားဆိုတို့ကို ပြည်နယ်သယံဇာတဝန်ကြီး ဦးစိုင်းလိတ်နှင့် ပြည်နယ်စီးပွားရေးရာ ဝန်ကြီးဦးခွန်သိန်းမောင်တို့မှ ဆုချီးမြှင့်ပေး၍ လည်ကောင်း၊ အမျိုးသား အမျိုးသမီး မီတာ(၁၀၀)လက်ဆင့်ကမ်းပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အမျိုးသမီးအမျိုးသား လွန်ဆွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊တတိယဆုရရှိသူများအား ပြည်နယ်လူမှုရေး ဝန်ကြီးဦးအောင်မြင့် မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း ၊ကလပ် ပေါင်းစုံအမျိုးသား၊ အမျိုးသမီးဘတ်စက်ဘောပြိုင်ပွဲတွင် တတိယ၊ဒုတိယ၊ ပထမဆုရရှိသူများနှင့် အမျိုးသား ရိုးရာခြင်းပြိုင်ပွဲ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆု (၂)သိန်း(၃)သိန်း(၅)သိန်းဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ဆုချီမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင်တတိယဆုရရှိသူများကိုဆုတံ ဆိပ်နှင့် ငွေသားဆု (၂)သိန်း တို့ကို တိုင်းရင်းသားရေးရာဝန်ကြီး ဒုတိယဆုရရှိသူများအသင်းအားဆုတံဆိပ်နှင့် ငွေသားဆု(၃)သိန်းတို့ကို သယံဇာတ ဝန်ကြီး၊ ပထမဆုရရှိသောအသင်းအား ဆုတံဆိပ်နှင့်ငွေသားဆု(၅)သိန်း ဆုဖလားတို့ကိုပြည်နယ် လူမှုရေးဝန်ကြီးတို့က အသီးသီးဆု ချီးမြှင့်ပေးကြပြီး အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသော အသင်းအား ဆုတံဆိပ်နှင့်ငွေသားဆု(၂)သိန်းတို့ကို ပြည်နယ်ဥပဒေချုပ်၊ ဒုတိယဆု ရရှိသောအသင်းအား ဆုတံဆိပ်နှင့်ငွေသားဆု(၂)သိန်းတို့ကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ၊ ပထမဆုရရှိသော အသင်းအားဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်းဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အသီးသီးဆုချီးမြှင့်ပေးကြ ကြောင်း သိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး)