သတင်းများ

(၇၄)နှစ်​​မြောက်​ လွတ်လပ်ရေးနေ့ အခမ်းအနား မြန်အောင် တွင်ကျင်းပ
Jan 05,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက် ၄နာရီ ၂၀မိနစ် အချိန်က မြန်အောင်မြို့ ပြည်သူ့ရင်ပြင် လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အလံအား မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ဂုဏ်​​ပြုတပ်ဖွဲ့က  လွှင့်တင်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌နေမင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက  အလေးပြုခဲ့ကြသည် ။
လိပ်သိုမြို့ အထကကျောင်းတွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ  ကွင်းဆင်းဆောင်ရွက်ပေး
Jan 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်  ပန်းခင်းစီမံချက်ဖြင့်    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”  ဆောင်ပုဒ်နှင့်အညီ  ယမန်နေ့က   လိပ်သိုမြို့  အခြေခံပညာအထက်တန်းကျောင်း  အစည်းအဝေးခန်းမတွင်   ပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ထုတ်ပေးနို်ငရေး အတွက်  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
မြန်အောင်၌  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က မြန်အောင်မြို့မ‌နေခြည်ဈေး လူစည်ကားရာနေရာများတွင်ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းအားကစားပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲများကျင်းပ
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် ဆုချီးမြှင့်ပွဲများကို ယမန်နေ့ နံနက်(၈)နာရီက မြို့ပေါ်ရှိ အခြေခံပညာကျောင်းအသီးသီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပ
Jan 05,2022
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ ဘော်လုံးကွင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြင့်ပျော်ရွှင်ဖွယ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်၈ နာရီခွဲအချိန်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဘားအံမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 05,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ တွင်ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် (၆)နာရီကစတင်ကာ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရာ သီရိကွင်းအတွင်းရှိ အခမ်းအနားသို့တတ်ရောက်လာကြသော ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်း များ၊ နိုင်ငံရေးပါတီမှပုဂ္ဂိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများကို ဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍ စျေးရောင်းချသူများ၊ လူစည်ကားရာနေရာများရှိ ပြည်သူများထံသို့ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်တက်ရောက်
Jan 05,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၄နာရီ မိနစ် ၂၀ အချိန်တွင် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။
မြစ်သားမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပ
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားအား ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာ နည်ခေါင်း ဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အလံတိုင်ကွင်း၌  နံနက် ၄ နာရီ မိနစ်၂၀ အချိန်၌ အလေးပြုကြသည်။