လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၁)ရပ်ကွက်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာ (WFP)မှာ စတုတ္ထအကြိမ်မြောက် စားနပ်ရိက္ခာထောက်ပံရေး အစီအစဉ်ဆောင်ရွက်

လှိုင်သာယာ(အနောက်)  ဇန်နဝါရီ   ၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်(WFP)၏ စတုတ္ထအကြိမ်မြောက် စားနပ်ရိက္ခာထောက်ပံ့ရေး အစီအစဉ်အတွက်၊ အမှတ်(၁၁) ရပ်ကွက်အတွင်းရှိ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော အိမ်ထောင်စုများအား မြေပြင်စီစစ်ခြင်းနှင့် ထောက်ပံ့ရန် လိုအပ်သော မိသားစုများအား စားနပ်ရိက္ခာ ထုတ်ယူနိုင်ရန်အတွက် တိုကင်စလစ်ပြားများ အိမ်တိုင်ရာရောက် ထုတ်ပေးခြင်း လုပ်ငန်းကို ယနေ့ (၅.၁.၂၀၂၂)ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်ခန့်က စတင်၍ (WFP)မှ မြေပြင်ကွင်းဆင်းဝန်ထမ်း ဦးအောင်ကိုကို ဦးစီးသော အင်အား (၅၈)ဦးတို့မှ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦး ဦးစီးသော အင်အား(၃၂)ဦးတို့မှ လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ထိုနောက် ကုလသမဂ္ဂ စားနပ်ရိက္ခာ (WFP) ၏ စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသော အိမ်ထောင်စုပေါင်း (၅၃၂၂)အား စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ရေးအတွက် ရည်မှန်းချက်ထားရှိ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး၊ အသက်(၅)နှစ်နှင့်အောက်ရှိ ကလေးသူငယ်များအား အာဟာရ သီးခြားပံ့ပိုး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ဇန်နဝါရီလ (၅/၆)ရက်များအား မြေပြင်ကွင်းစဆင်း စိစစ်ခြင်းနှင့် တိုကင်စလစ်ပေးအပ်ခြင်းများ ဆောင်ရွက်သွားရန်၊ ဇန်နဝါရီလ (၇/၈/၉)ရက်များတွင် စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော အိမ်ထောင်စုများအား ဆန်ထုတ်ပေးခြင်းများကို တစ်ရက်လျှင် အိမ်ထောင်စု (၁၇၀၀) ခန့် ထုတ်ပေးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို တာဝန်ရှိသူထံမှာ သိရသည်။

ဝေဝေ