ဘားအံမြို့နယ် အမှတ်(၈)ရပ်ကွက် သာသနရံသီတိုက် ထောင်ဝိဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပန်းခင်း စီမံချက်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ဘားအံ  ဇန်နဝါရီ  ၁၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အမှတ်(၈)ရပ်ကွက် သာသနရံသီတိုက် ထောင်ဝိဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ် ဦးစီးမှူးမှ ပန်းခင်းစီမံချက် ဆောင်ရွက်ပေးခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခဲ့ရာတွင် ဘားအံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမင်း‌နောင်က ရပ်ကွက်နေပြည်သူ (၁၀၀) ဦးခန့်အား ပန်းခင်းစီမံချက်ဆောင်ရွက်နေမှုကို ထဲထဲဝင်ဝင် ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေးအတွက် နိုင်ငံသားအခွင့်အရေး၊ နိုင်ငံသားကတ်တန်ဘိုး၊ အသုံးဝင်ပုံတို့ကို ကွင်းဆင်း ဟောပြောခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)