ကျွန်းစု ဇန်နဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ်စု၊ ကျောက်ကုန်းကျေးရွာ၌ “ပန်းခင်းစီမံချက်”ဖြင့် ယမန်နေ့ နံနက်ပိုင်းက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်လဝကရုံးက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြုလုပ်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၁၁၆)ဦး၊ အသက်(၁၈)နှစ် ပြည့်နိုင် ၆(က) (၄၈)ဦး၊ လဲလှယ်(၁၀)ဦး၊ မိတ္တူ(၁၆)ဦး၊ စုစုပေါင်း(၁၉၀)ဦးနှင့် ရွှေ့ပြောင်း အိမ်ထောင်စု(၂၅)စုတို့အား “ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
CTRA(Kyunsu)