လေးမျက်နှာမြို့နယ်တွင် စားသုံးရေးရာသိပညာပေး(Talk Show)ပြုလုပ်

လေးမျက်နှာ  ဇန်နဝါရီ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာ ရရှိစေရန်ရည်ရွယ်ပြီး စားသုံးသူရေးရာအသိပညာပေး(Talk Show)ပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး(Talk Show)များ၊ စာဖတ်ဝိုင်းများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကဗျာရွတ်အစီအစဉ်၊ ပုံပြောအစီအစဉ်၊ ဆောင်းပါးမိတ်ဆက် အစီအစဉ် များကို ကိုဗစ်-၁၉ကာလအတွင်း Online မှတစ်ဆင့် အပတ်စဉ် ပြုလုပ်ပေးလျက်ရှိရာ ယခုအခါတွင် စာသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်သန်းဌေးမှ စားသုံးသူများ၏ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းရေး သက်ဆိုင်ရာဌာနများ နှင့်ပူးပေါင်း၍ မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များအား မိမိတို့အနေဖြင့် လိုက်နာကျင့်သုံး ဆောင်ရွက်ရှိကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အသိပညာပေး(Talk Show)များ ပြုလုပ်ခြင်းဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)