တနင်္သာရီ ဇန်နဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ဒုတိယ)အကြိမ်ထိုးနှံရန်ကျန်ရှိနေပြီး ကာလသတ်မှတ်ချက်နှင့်အကျုံးဝင်သော (ဒုတိယ)အကြိမ်ထိုးနှံ ရန်ကျန်ရှိနေသူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၃နာရီ၃၀အထိသက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဌာနဆရာ/မများက ထိုးနှံပေးကြကြောင်းသိရှိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးကိုမြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း ရှိမြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာန၌ သားဖွားဆရာမဒေါ်မာမာခိုင်နှင့် ဝန်ထမ်းများကလည်းကောင်း၊ ညောင် ပင်ကွင်းကျေးရွာအုပ်စု-ညောင်ပင်ကွင်းကျေးရွာ ကျေးလက်ဆေးခန်းတွင် ကျန်းမာရေးမှူး မြတ်သီလနှင့်ဝန်ထမ်းများမှလည်းကောင်း၊ တမုတ်ချုံးကျေးရွာအုပ်စု- ရေဖြူကျေးရွာ ကျေးလက်ခန်းမတွင် ကျန်းမာရေးကြီးကြပ်-၂ ဒေါ်သီသီအေးနှင့်ဝန်ထမ်းများမှ လည်း ကောင်း အသက်(၁၈)နှစ်ပြည့်ပြီးသူများ/ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား တရုတ် နိုင်ငံထုတ် (Sinopharm) (COVID-19)ရောဂါကာကွယ်ဆေးဖြင့် စတုတ္ထအသုတ် (ဒုတိယ) အကြိမ်အဖြစ် အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ (၄)ဦး၊ မှီခို(၁)ဦး-ပေါင်း(၅)ဦး၊ အလားတူ ပဥ္စမအသုတ်(ဒုတိယ)အကြိမ်အဖြစ် ဌာနဆိုင်ရာဝန်ထမ်း(၁)ဦး၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံလုပ်သား(၁)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ(၁၁၉)ဦး၊ စျေးသည် (၂)ဦး၊မှီခို(၆)ဦး -ပေါင်း(၁၂၉)ဦး၊ အလားတူ ဆဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုယ်ဝန် ဆောင်/နို့တိုက်မိခင်များမှ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ(၅)ဦး၊ မှီခိုသူ(၂၈) ဦး-ပေါင်း(၃၃)ဦးကိုလည်းကောင်း၊ ထို့အတူ အိန္ဒိယနိုင်ငံထုတ် (Covid Shield) ကာကွယ် ဆေးဖြင့် ဆဌမအသုတ် (ပထမ)အကြိမ်အဖြစ် သံဃာတော် (၁)ပါး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ(၃၂)ဦး၊ စျေးသည်(၁)ဦး၊ မှီခို(၂၁)ဦး-ပေါင်း(၅၅)ဦးကိုလည်းကောင်း၊ ယနေ့တွင် အားလုံးစုစုပေါင်း(၂၂၂)ဦးအား ထိုးပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဌာနမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)