ဘူးသီးတောင် ဇန်နဝါရီ ၁၄
ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အထက(၂) ကျောင်းမှ ကျောင်းသား/ ကျောင်းသူများပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ် ရာ ဘူးသီးတောင်မြို့နယ်ရုံးက ဒေါ်ခင်စောမိုး (စာထောက်-၃) ကစာရေးဆရာ ပီတာ(ပေကြီး) ရေးသားသည့် ပြည်သူ့နီတိ အခြေခံသိစရာများစာအုပ်ကို ဖတ်ရှုပြီးစာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ဒေါ်ခင်စောမိုး (စာထောက်-၃)က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အထက(၂)ကျောင်မှ ဆဌမတန်းကျောင်းသူ မမေမြတ်သူက "ချိုသာသောစကားလုံးကိုရွေးပြောပါ "ခေါင်းစဉ် ကိုဆွေးနွေး ဖတ်ကြားပြီး မအေမီကျော်က "နိုင်ငံသားကောင်း တစ်ယောက်၏တာဝန်နှင့် ဝတ္တရာကိုလေ့လာပါ" ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုလေ့လာနားလည်မှုများအား အသိပညာ ဗဟုသုတများ မျှဝေနိုင်ရန် အပြန်အလှန် ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)