မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များ၊ ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မြို့နယ်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မဖြစ်မနေထိုးနှံစေရေးအတွက် မြို့နယ်အတွင်းလှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက mask ကိုစနစ်တကျတပ်ဆင်ရန်၊ လက်ကို စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောရန်၊ ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်ကြရန်၊ အိပ်ရေးဝအောင်အိပ်၍ အာဟာရပြည့်ဝ စွာစားသုံးရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား Hand Speaker များဖြင့် လှည့်လည်ကြေညာခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများလည်း မဖြစ်မနေ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အောင်အောင်(ပြန်/ဆက်)