မော်လမြိုင်ကျွန်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး (MCCT) အစီအစဉ်ဖြင့် Digital Literacy ဆင့်ပွားသင်တန်း ဖွင့်ပွဲကျင်းပ

မော်လမြိုင်ကျွန်း   ဇန်နဝါရီ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်သော ဧရာဝတီတိုင်းဒေသကြီး(MCCT) အစီအစဉ်ဖြင့် Digital Literacy ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရတနာမော်မှ(MCCT) အစီအစဉ်တွင် Digital Literacy ဆင့်ပွားသင်တန်းနှင့်ပက်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ၂၀၂၁ခုနှစ်၊ ပထမ(၃)လပါတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက်အကျုံးဝင်သော အကျိုးခံစားခွင့်ရှိသူ အဟောင်းများအား Update ပြုလုပ်ခြင်း၊ ကိုယ်ဝန်ဆောင်အသစ်စာရင်းများအား ကောက်ယူရရှိနိုင်ရေးနှင့် ထောက်ပံ့ကြေးများပေးအပ်နိုင်ရေး အတွက်ရပ်ကွက်/ကျေးရွာအုပ်စု (၁၂၁) အုပ်စုမှ သင်တန်းသူများအား (၂)ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)