သတင်းများ

အ.ထ.ကဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကျင်းပ
Jun 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီကတိသစ္စာခံယူပွဲကို အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ မြကျွန်းသာခန်းမတွင် ယနေ့နံနက် (၁၁း၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူ၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဖြိုးလျှံမြတ်နှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်က အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့ အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 11,2025
မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီတွင် အ-ထ-က(ခွဲ)(၁) ကျောင်းနှင့် နေ့လယ် ၂ နာရီတွင် အ-ထ-က(၂) ကျောင်းတို့၌ ဆောင်ရွက်သည်။
ကသာမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်လိုင်စင်/ယာဉ်မောင်းလိုင်စင် ရှိ/မရှိ ရှောင်တခွင်စစ်ဆေး
Jun 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖောင်းကြွနံပတ်ပြား လဲလှယ်တပ်ဆင်းမောင်းနှင်းခြင်းနှင့် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် ရှိ/မရှိ ရှောင်တခွင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၂) ရဲစခန်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် မိတ္ထီလာ-တောင်ကြီးလမ်းမှ ကြက်မောက်-ဇီးတောလမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောက်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 11,2025
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန်အတွက် နှစ်စဉ်ဘဏ္ဍာရေး နှစ်အလိုက် လမ်းများအဆင့် မြှင့်တင်ခြင်း၊ ရေကျော်တည်ဆောက်ခြင်းများနှင့် တံတားတည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် မိတ္ထီလာတောင်ကြီးလမ်းမှ ကြက်မောက်-ဇီးတောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း (၀/၂)မိုင်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီး၊  ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲကျင်းပ
Jun 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် စိုက်ပျိုးရေးတောင်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ငွေများ ပေးအပ်
Jun 11,2025
၂၀၂၄-ခုနှစ်၊ စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် စိုက်ပျိုးရေးတောင်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီ ရန်ပုံငွေမှပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး
Jun 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျိုက်လတ်-ဖျာပုံစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းအချိန်က လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု မရှိစေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။