ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကရင်ပြည်နယ်လူငယ်စင်တာ (Youth Center) တက်ရောက်ဖွင့်လှစ်
Jun 11,2025
လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်၊ အားကစား၊ အနုပညာလှုပ်ရှားမှုများအပါအဝင် လူငယ်ရေးရာကိစ္စရပ်များဆောင်ရွက်နိုင်ရန် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၂၀၈၃ ဒဿမ ၂၂၈ သန်းဖြင့် တည်ဆောက်ခဲ့သော (၁၄၀ ပေ x ၈၀ ပေ) RC သုံးထပ် လူငယ်စင်တာဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ အဆိုပါစင်တာရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။