ကျိုက်ထိုမြို့နယ်တွင် ကျောက်တင် မီးရထားစက်ခေါင်းဘီးချော်မှုဖြစ်ပွား

ကျိုက်ထို    မေ     ၃၀

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင်  ဇင်းကျိုက်ကျေးရွာမှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် ကျောက်တင်မီးရထားစက်ခေါင်းဘီး‌ ချော်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်တွင်ဇင်းကျိုက်ကျေးရွာမှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် စက်ခေါင်းအမှတ်၊ DF-1366 ၊ ကျောက်တင်မီးရထားသည်  ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက် မီးရထားလမ်းမိုင်တိုင်အမှတ် (၉၈/၁၇)နှင့် (၉၈/၁၈)ကြားအရောက်၌ မီးရထားစက်ခေါင်းဘီးချော်မှုဖြစ်ပွားခဲ့ရာ ရန်ကုန်-မော်လမြိုင် ကားလမ်းမှာ ခေတ္တပိတ်လျက်ရှိကြောင်းသိရသည်။ အဆိုပါ မီးရထားစက်ခေါင်းဘီးချော်မှုအား ဘီးလင်းမြို့နယ်၊ တောင်စွန်းဘူတာမှ စက်ခေါင်းဖြင့် ကျောက်တင်တွဲဆိုင်းများအား ကျိုက်ထိုဘူတာသို့ ပြန်လည်ဆွဲယူခဲ့ရာ မေ ၃၀ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့် တွင် ပြန်လည်လမ်းပွင့်သွားခဲ့ကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်