တာ​​လေမြို့ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

တာလေ  ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့ အပြောင်းအလဲစာအုပ်မှ "လူငယ်နဲ့ အပြောင်းအလဲ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဟာနက ဌာနတွင်း လူထုအခြေပြု ဗဟိုဌာန Community Centre များ ဖွင့်လှစ်၍ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းတင်ပြပြီး စာရေးဆရာ မောင်မင်းစိုး၏ "လူငယ်နဲ့ အပြောင်းအလဲ" စာအုပ်ထဲမှ လူငယ်နဲ့အပြောင်းအလဲ ခေါင်းစဉ်ဖြင့် စတင်ဖတ်ကြား ဆွေးနွေးခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသည့် ဝါသနာတူ စာပေဝါသနာရှင် ကျောင်းသားကျောင်းသူများက စာရေးဆရာ မောင်မင်းစိုး ရေးသားပြုစုသည့် “လူငယ်နှင့်အပြောင်းအလဲ” ခေါင်းစဉ်မှ အပြောင်းအလဲကို လူတိုင်းလိုလိုက လိုချင်လက်ခံချင်ပြီး အထူးသဖြင့် တိုးတက် ပြောင်းလဲနေသော ခေတ်ကာလတွင် လူငယ်လူရွယ်များက ပိုမိုလိုချင်ကြကြောင်း လူငယ်တွေ ဆိုတာဟာ နောင်တချိန်တွင် ဦးဆောင်ဦးရွက်ပြုလာကြမည့်သူများ ဖြစ်သောကြောင့် အဆိုးနှင့်အကောင်းကို ​ပိုင်းခြား နားလည်ပြီး အကောင်းကိုဦးတည်၍ အ​ပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရာတွင် ရဲဝံ့စွာ ဖော်ဆောင်နိုင်ရန်နှင့် စစ်မှန်တဲ့ အပြောင်းအလဲကို ဖော်ဆောင်နိုင်တဲ့လူငယ်တွေ များများ ပေါ်ထွက်လာစေရန် ရည်ရွယ်ရေးသားထားခြင်း ဖြစ်ပါ​ကြောင်း" စသည်ဖြင့် အသီးသီး ဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ကျော်မိုး