ကြံခင်း ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Mobile library စနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနှင့် မြို့နယ်စီမံကိန်းရုံးများသို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ငှားရမ်းပေးရာတွင် စာပေလေ့လာဖတ်ရှုသူစာဖတ်ပရိသတ်များ အသိပညာဗဟုသုတရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃နှင့် ဝန်ထမ်းများက သုတ၊ ရသ၊ အပျော်ဖတ်မဂ္ဂဇင်း၊ ဝတ္ထု၊ ကာတွန်းစာအုပ်များကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စီမံကိန်းဦးစီးဌာနရှိ ဝန်ထမ်းများထံသို့ Mobile library စနစ်ဖြင့် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါစာအုပ် စာစောင်ကို(၇)ရက်ကြာ ငှားရမ်းပေးထားမှာဖြစ်ပြီး (၇)ရက်ကြာလျှင် ထပ်မံပြီးအသစ်လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းနှင့် စာကြည့်တိုက်အသင်းဝင်ကတ်ပြားများအား တပါတည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံက သိရသည်။
မိုးမိုး