ရန်ကုန် ဇန်နဝါရီ ၂၂
ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာသည့် ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ပြည်ထောင်စုနေ့နှင့် ဆိုင်သော ဗဟုသုတများ သိရှိနားလည်ပြီး ဉာဏ်ရည်ထက်မြက်သည့် ဘက်စုံထူးချွန်သော လူရည်မွန်၊ လူရည်ချွန်များဖြစ်လာစေရန် မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရမည့် လူချွန်၊ လူကောင်းများ ဖြစ်လာစေရန်၊ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များ၊ သမိုင်းအစဉ်အလာများကို သိရှိနာလည်ပြီး အာရုံစူးစမ်း လေ့လာမှုနှင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်မှု ရရှိစေရန်၊ ရည်ရွယ်၍ ကျင်းပရာ ဗဟန်းမြို့နယ် အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်သူ (၃၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဗဟန်းမြို့နယ် စာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာမများက လိုက်လံ ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူများမှ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများကို ဇန်နဝါရီ(၂၆)ရက်နေ့တွင် တာဝန်ရှိသူများက ဆုများအသီသီးချီးမြှင့်ပေးအပ်မည် ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)