သရက်ချောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်ငွေများ ထုတ်ပေး လျက်ရှိ

သရက်ချောင်း ဇန်နဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်း လစာထုတ်ယူခွင့်ရှိသူ (၆၇၂) ဦး ရှိသည့်အနက် ယနေ့တွင် မြန်မာ့စီးပွားရေးဘဏ်သို့ လာရောက်ထုတ်ယူ သူဦးရေ (၁၂၆)ဦးအား ငွေကျပ်သန်းပေါင်း (၁၆၅၈၀၉၃၁.၂၁) ပြားကို  ထုတ်ပေးနိုင်ခဲ့ကြောင်း ကျန်ရှိနေသည့် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများကိုလည်း ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ယုယုဌေးထံမှ သိရသည်။

အေးနွယ်ဝင်း