မြေပုံမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် စက္ကူခေါက်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကျင်းပ

မြေပုံ ဇန်နဝါရီ ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ မွန်းလွဲ ၂ နာရီက စက္ကူခေါက်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲကို ကျင်းပသည်။

ရှေးဦးစွာ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက ကျောင်းသား၊ ကျောင်းသူလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ တီထွင်ကြံဆတတ်စေရန် ပြောကြားပြီး ရောင်စုံစက္ကူများကို အသုံးပြု၍ စက္ကူ‌ခေါက်ပုံ အဆင့်ဆင့်ကို ပြသပြီး ပြိုင်းပွဲကျင်းပခြင်း၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်အတွက် စကားပုံဆက်ပြိုင်ပွဲကို ကျင်းပကာ မြေပုံမြို့ အခြေခံပညာ အလယ်တန်းကျောင်း(သဲတန်းရှေ့)မှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)