နောင်တရား ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများဖြစ်သည့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းကို ယနေ့နံနက်ပိုင်းတွင်ဆောင်ရွက်သည်။
နောင်တရားမြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေမှ အသိပညာဗဟုသုတရှာမှီနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်း ဆောင်ရွက်သည်။ အဆိုပါ Mobile စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းလုပ်ငန်းကို ဌာနဆိုင်ရာရုံးများနှင့် ကျေးရွာရပ်ကွက်များသို့ အပတ်စဉ်သွားရောက် ငှားရမ်း ဆောင်ရွက် ပေးသည်။ စာအုပ်စာစောင်ငှားရမ်းရာတွင် စာဖတ် ပရိသတ်များနှစ်သတ်သည့် သုတ၊ ရသ စာစောင်များအပြင် နေ့စဉ်ထုတ်သတင်းစာနှင့် အပတ်စဉ်ထုတ်စာစောင်၊ ဂျာနယ်များ ပါဝင်ကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)