မိုင်းငေါ့မြို့အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစား ဆက်လက်ထိုးနှံပေး

မိုင်းငေါ့  မတ်  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac အမျိုးအစားကို မြို့ပေါ်ရပ်ကွက် ရှိ ပြည်သူများအား ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပထမအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 ထိုသို့ ဆောင်ရွက်ရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ကျား(၁၇)ဦး၊  မ(၁၇)ဦး စုစုပေါင်း(၃၄)ဦးတို့အား မိုင်းငေါ့မြို ဈေးရပ်ကွက် ဘုန်းတော်ကြီးကျောင်းရှိ အတုလဇေယျာဆောင် ဓမ္မာရုံတွင်  တိုက်နယ် ကျန်းမာရေးဌာနမှ  ဆရာမ ဒေါ်ခင်မျိုးဦးနှင့်အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေး ခဲ့ကြပါသည်။

ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများစစ်ဆေးပြီးမှ ကာကွယ် ဆေးထိုးနှံပေးခြင်း ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ပေးမှာဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရသိရပါသည်။

 မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)