ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ခရိုင်ဦးစီးမှူးတို့သည် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကုတင်ကျင်းကျေးရွာသို့ ကွင်းဆင်း

ပန်းတောင်း မတ် ၃

ပဲခူးတိုင်းဒေသကြီး‌၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ပြည်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် အဖွဲ့သည် ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကုတင်ကျင်းကျေးရွာသို့ ယမန်နေ့ နံက်ပိုင်းက ကွင်းဆင်းခဲ့ကြောင်း သိရသည်။

ထို့နောက်၂၀၂၁-၂၀၂၂  (၆လ) ဘဏ္ဍာရေးနှစ်တွင် ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကုတင် ကျင်းကျေးရွာ မြေသား‌ ရေကန်တူး‌ဖော်ခြင်းလုပ်ငန်းနှင့် ထက်မြက်သစ္စာကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်‌နေသောကြိုးကြာကျေးရွာ ကျေးလက် ကုန်ထုတ်လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ရေပေးရေးလုပ်ငန်းများနှင့် ကုန်ထုတ်လမ်းများရှိရာ  ကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက် ခဲ့ကြပြီး ရေရရှိရေးလုပ်ငန်း၊ ကျေးလက်ကုန်ထုတ်လမ်းနှင့် ပတ်သက်၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

သင်းသင်းအေး(ပြန်/ဆက်)