သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအတွက် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး
Mar 24,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း မြို့နယ်နေ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၏စီစဉ်မှုဖြင့် မြို့နယ်အတွင်း ဆန်၊ ဆီ သယ်ယူရောင်းချရေးယာဉ်ဖြင့် အခြေခံ စားသောက်ကုန်များ အား ဈေးနှုန်းသင့်တင်စွာလာရောက် ရောင်းချပေးခဲ့သည်။
တောင်တွင်းကြီးမြို့ အထက(၁)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 24,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁နာရီခွဲက ကျောင်းသား၊ ကျောင်းသူလူငယ်များ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် ကျန်းမာကြံခိုင်စေရေး ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန တို့က လူငယ်ရေးရာအသိညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာတွင် သရက်သီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်
Mar 24,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနမှ သရက်သီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်း ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းတွင် ယနေ့နံနက်၉နာရီက ဖွင့်လှစ်ခဲ့သည်။
မဘိမ်းမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂၀၂၂ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကုန်းခါးရပ်ကွက်ဈေးနှင့် လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သရက်အင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာရှိ သရက်အင်းအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ငါးမြစ်ချင်းကောင်ရေနှစ်သောင်းအား အင်းအတွင်းသို့ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်လူထုအခြေပြု ဗဟိုဌာနတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ
Mar 24,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အကြို ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၂ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာရုံးများ၊ မြို့မဈေး၊ ကားဂိတ်၊ ဆိုက်ကားဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်များနှင့် လူစည်ကားရာ‌ နေရာများသို့ ဖြန့်ဝေခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို ရပ်ကွက်နှင့်ကျေးရွာများသို့သွားရောက်၍ ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။