မဘိမ်းမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မဘိမ်း မတ် ၂၄                

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂၀၂၂ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကုန်းခါးရပ်ကွက်ဈေးနှင့် လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။

 အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် တပ်မတော်၏အစဉ်အလာကောင်း(၁၂)ရပ်၊ ကာကွယ်စောင့်ရှောက်သွားမည်သာ၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တည့်မတ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိ၊ ပါဝင်ကူညီ၊ နွေအလှ စသည့် တပ်မတော်နေ့နှင့်ပတ်သက်သည့် ဆောင်းပါးများ၊ ကဗျာများနှင့် မိန့်ခွန်းကောက်နုတ်ချက်များပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဈေးရောင်းဈေးဝယ်ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးမင်း