ညောင်တုန်း မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၂ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာရုံးများ၊ မြို့မဈေး၊ ကားဂိတ်၊ ဆိုက်ကားဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်များနှင့် လူစည်ကားရာ နေရာများသို့ ဖြန့်ဝေခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်၏ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ကဗျာ၊ ဆောင်ပုဒ်များ အစရှိသည်တို့ ပါဝင်ကြောင်းသိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)