တနိုင်း မတ်၂၄
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အကြို ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဝါဦးက လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၄၀)ဦးနှင့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် "လူငယ်ဆိုတာ လန်းရမယ်" စာအုပ်ထဲမှ "အောင်မြင်မှုဟူသည်" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြပြီး မြို့နယ်ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ဝါဦးက ပြန်လည်ဖြေကြားပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)