ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သရက်အင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်

ကန်ကြီးထောင့် မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာရှိ သရက်အင်းအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ငါးမြစ်ချင်းကောင်ရေနှစ်သောင်းအား အင်းအတွင်းသို့ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၇၇ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျိုက်လတ်-ပေါက်ကျွန်း-စက်ကုန်း (ကျီးတောကျေးရွာအပိုင်း) ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ကွန်ကရစ်လမ်းသည် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျိုက်လတ်ကျေးရွာ၊ ပေါက်ကျွန်း ကျေးရွာနှင့် စက်ကုန်းကျေးရွာများသို့ ဆက်သွယ်ထားသော လမ်းဖြစ်ပြီး အနီးအနားရှိ ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၇၉၂ ခုမှ လူဦးရေ ၅၁၅၃ ဦးအား အကျိုးပြုမည့် လမ်းပိုင်းတစ်ခုဖြစ်ကြောင်း သိရ သည်။

လှမင်းထွဋ်(ပြန်/ဆက်)