သတင်းများ

ဇမ္ဗူသီရိမြို့နယ်ရုံးတွင် “လူငယ်နှင့်အားကစား အသိပညာပေး” Talk Show ကျင်းပ
Mar 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၁) နာရီက “လူငယ်နှင့်အားကစား အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အားကစားအသိပညာပေး
Mar 24,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကိုယ်လက် လှုပ်ရှားအားကစား အစီအစဉ်အဖြစ် အားကစားအကများကို ပညာရေး ဌာနနှင့် ပူးပေါင်း၍ Online မှထုတ်လွှင့်ရန် ရိုက်ကူးခဲ့ပါသည်။
မလှိုင်မြို့နယ်တွင် နိုင်ငံသားကတ်(မှတ်ပုံတင်)ပြသ၍ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထောက်ခံစာဖြင့်  ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အသိပေးရှင်းလင်း 
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် ၎င်းတည်းခိုနေထိုင်ရာနေရာများနှင့် နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများကို  ဧပြီလ(၁) ရက်နေ့ နံနက်(၆)နာရီအချိန်မှ စတင်၍ တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ဖြင့်သာ  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  အသိပေးရှင်းလင်းပွဲကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း‌ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည် ။ 
ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ရာနှုန်းပြည့်ထိုးနှံနိုင်ရေး Mobile ပူးပေါင်းအဖွဲ့မြို့အဝင်အ ထွက်ဂိတ်များတွင်စစ်ဆေးထိုးနှံ
Mar 24,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဌာနဆိုင်ရာများနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်း အဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၆နာရီခွဲအချိန်က စတင်ပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သရက်မြို့၌ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 24,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က မဟာသင်္ကြန်ရေကစားမဏ္ဍပ်ကို မင်းတုန်းလမ်းရှိ အမှတ်(၁) အ-ထ-က ကျောင်းရှေ့တွင် ဆောက်လုပ်မည်ဖြစ်ပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍
ပေါက်ခေါင်းမြို့၌ နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြား
Mar 24,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးတိုးတက်ကောင်းမွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများအား ဖြေဆိုခွင့်ကတ်ပြား များ ထုတ်ပေး
Mar 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်ပိုင်းကစ၍ စာစစ်ဌာန (၅)ခု၌ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လက်ပံတန်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ လွှဲပြောင်းအပ်နှံ
Mar 24,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများအား ချပြရှင်းလင်းခြင်းနှင့် လုပ်ငန်းများလွှဲပြောင်း အပ်နှံခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။