နမ့်ခမ်းမြို့သို့ မိုင်းဖုန်းဆရာတော် သာသနာပြုခရီးကြွရောက် တရားဟောကြား

နမ့်ခမ်း နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ မြို့လယ်မဟာမုနိဘုရားကြီးကျောင်း၌ ယမန်နေ့ နေ့လည် ၁၂ နာရီခွဲ အချိန်က မိုင်းဖုန်းဆရာတော်က  သာသနာပြုခရီး ကြွရောက်၍  တရားဟောကြားခဲ့ကြောင်း သိရသည်။

တရားပွဲတွင် သာသနာပြု မိုင်းဖုန်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက ဆရာတော်ထံသို့ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး  ဆရာတော်က ပရိတ်တရားတရားတော်များ ဟောကြားချီးမြှင့်ခဲ့သည်။

ထို့နောက် မိုင်းဖုန်းဆရာတော်က နမ့်ခမ်းမြို့ရှိ ဇေယျသုခစာသင်တိုက်နှင့် မန့်ဟောင်းဘုန်းကြီးကျောင်းသို့ ဆက်လက်ကြွချီ၍ တရားဟောကြားကာ ဆရာတော်၏ သာသနာပြု တရားဟောကြားပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိများ၊ မြို့မိမြို့ဖ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ စည်းကားစွာ လာရောက်ဖူးမြော်ကြပြီး ညနေပိုင်းတွင် နမ့်ခမ်းမြို့ရှိ နမ့်တီးကျေးရွာသို့ တရားဟောကြားရန် ဆက်လက်ကြွချီသွားကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)