ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ နိုဝင်ဘာ ၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ကျေးရွာမှ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်  အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့က၊ ကွမ်သဲကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် (ကွမ်သဲနှင့်ခရိုက်သစ်) ကျေးရွာပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ကွင်းဆင်း တွေ့ဆုံရာတွင်  တာဝန်ရှိသူများက ကျေးလက်နေ ပြည်သူများအား ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်ကဏ္ဍ ခြိုးခြံချွေတာ သုံးစွဲရေးလျှပ်စစ်အန္တရာယ်မဖြစ်ပေါ်ရေး၊ လမ်းတံတား ကဏ္ဍတိုးတက် ကောင်းမွန်စေရေး၊ သောက်သုံးရေဖူလုံစွာ ရရှိရေးလယ်ယာလုပ်ကိုင်ခွင့်ပုံစံ(၇) စာအုပ်ထုတ်ပေးခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးခဲ့ရာ တက်ရောက်လာသည့် ကျေးရွာ ပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက အိမ်ထောင်စုစာရင်း ပျက်စီးပျောက်ဆုံးသူများအား အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း မွေး/ ကုဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျေးရွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)