"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်၌ ဒေသတွင်းအာလူး မျိုးကောင်းမျိုးသန့်များ ရရှိစေရန် နယ်သာလန်အာလူးမျိုး မာကီးစ်(Markies) စတင် စိုက်ပျိုး

ဟိုပန် နိုဝင်ဘာ ၁

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသတွင်းအာလူး မျိုးကောင်းမျိုးသန့်ပွားများ ရရှိစေရန်နှင့် ဒေသခံတောင်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိပြီး ဝင်ငွေပိုမိုတိုးတက်လာကြစေရန်တို့ကို ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီက "ဝ"တောင်တန်း မျိုးစေ့ထုတ်လုပ် ငန်းသမဝါယမအသင်းဝင် တောင်သူ ဉီးထွန်းလူ၏ ကိုင်းကျွန်းမြေ နှစ်ဧကခွဲ ကွင်းအမှတ်(၈)၌ အာလူးမျိုးသန့်ပွား(မျိုးစေ့ထုတ်)စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရာတွင် ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလှဆန်း၊ ပန်ဝိုင်၊ မိုင်းမော၊ ပန်ဆန်းမြို့နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများက စိုက်ပျိုးနည်းစနစ် မှန်ကန်မှုရှိစေရေး အနီးကပ်ကြီးကြပ်၍ အာလူးစိုက်ပျိုးရေးဆိုင်ရာနည်းစနစ်ကောင်း (GAP)နှင့်အညီ လက်တွေ့ပြသပညာပေး စိုက်ပျိုးပေးခဲ့သည်။

နယ်သာလန်အာလူးမျိုး မာကီးစ်(Markies)မျိုးသန့်ပွား စတင်စိုက်ပျိုးရာတွင် ဟိုပန်မြို့နယ်၊ မော်ဟွေ့ကျေးရွာရှိ ဒေသခံတောင်သူ(၁၂)ဦး တက်ရောက်ကြည့်ရှု့ လေ့လာခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)