ကန့်ဘလူ နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ် ၊ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို နိုဝင်ဘာ ၁ ရက်နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းအာရေးဦး စီးဌာန၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင် ရာ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ် ခုတင် ၁၀၀ ဆေးရုံ အုပ်ဒေါက်တာနေမိုး ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ်၊ ဒုတိယအကြိမ် နှင့်ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံရမည့်သူများအလိုက် စာရင်းမှတ်တမ်းရေးသွင်းကာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ကို ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေး အသင်း အဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး တို့အတွက် အရှန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)