ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာ၌ နဝမအသုတ် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

ကျောက်တလုံးကြီး ဧပြီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာ၌ နဝမအသုတ် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေးကို နောင်ခဲဘုန်းတောင်ကြီးကျောင်းတွင် ယမန်နေ့နံနက်(၉)နာရီမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် နောင်ခဲကျေးရွာအုပ်စုမှ အသက်(၁၈)နှင့်နှစ်အထက်ပြည်သူများကို ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဒေါ်နန်းနွယ်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းတို့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (CoviShield)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နောင်ခဲကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေး၊ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။ ဧပြီလ(၆)ရက်နေ့တွင် ပင်တွန်ကျေးရွာအုပ်စု၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)