သတင်းများ

လယ်ဝေးမြို့နယ်တွင် မဟာသင်္ကြန်အ​တက်နေ့၌ နှစ်ဦးကုသိုလ် ကောင်းမှုပြုကြသူများ၊ ရေကစားကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာဆင်နွှဲ
Apr 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အတက်နေ့၌ ​ မြို့နယ်အတွင်းရှိ လူငယ်များ၊ ကလေးငယ်များ ရေပက်ကစားနေမှု များဖြင့် မဟာသင်္ကြန်အတက်နေ့အား ပျော်ရွှင်စွာ ဆင်နွဲလျက်ရှိသည်။
ကြံခင်းမြို့ မြို့မရပ်ကွက် ပန်းကုံးရပ်တွင် ဒီပင်္ကရာမြတ်စွာဘုရား ပင့်ဆောင်ပူဇော်ပွဲကျင်းပ
Apr 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ပန်းကုံးရပ်နေ ဗုဒ္ဓဘာသာဝင် ပြည်သူများက နှစ်စဉ်နှောင်းတန်းခူးလဆန်းမဟာသင်္ကြန်အကြိုနေ့မှ မဟာသင်္ကြန်အကြတ်နေ့အထိ ဒီပင်္ကရာမြတ်စွာဘုရား ပင့်ဆောင်ပူဇော်ပွဲကျင်းပလေ့ရှိကြောင်း သိရသည်။
အမှတ်(၅၁)ခြေလျင်တပ်ရင်း အတာသင်္ကြန်ရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်အကြတ်နေ့ ရေကစားသူများနှင့် စည်ကားလျက်ရှိ
Apr 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ အမှတ်(၅၁) ခြေလျင် တပ်ရင်း အတာသင်္ကြန် ရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက်က ယိမ်းအကဖျော်ဖြေရေးများ၊ တေးသီချင်း ဖျော်ဖြေရေးများ၊ ရေကစားသူများနှင့် စည်ကားလျက်ရှိကြောင်းသိရသည်။
သုံးခွမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ သင်္ကြန်မဏ္ဍပ်များတွင် ပျော်ရွှင်စွာရေကစားကြပြီး စတုဒိသာများကျွေးမွေး
Apr 15,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန်အကြတ်နေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် အေးချမ်းပျော်ရွှင်စွာ ရေပက်ခံထွက်သူများ၊ ရေပက်သူများ၊ သင်္ကြန်မဏ္ဍပ်တွင် တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုများ၊ စတုဒိသာကျွေးမွေးမှုများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့၌ ရေကစားကြသူများဖြင့်စည်ကား
Apr 15,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အကြတ်နေ့၌ ကန်တော်မင်္ဂလာရှမ်းကန်ပတ်လမ်းရှိ မြို့နယ်မဟာသင်္ကြန် စတုဒိသာအလှူမဏ္ဍပ်တွင် စတုဒိသာလှူဒါန်းမှုများနှင့် ရေပက်ကစားကြသူများဖြင့် မဟာသင်္ကြန်အကြတ်နေ့အား ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။
အင်္ဂပူမြို့ သမိုင်းဝင် ရွှေဆံတော်စေတီမြတ်ကြီး၌ (မဟာသင်္ကြန်အကြတ်နေ့)တွင် ဆွမ်းဆန်စိမ်း လောင်းလှူ
Apr 15,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခ ရိုင် အင်္ဂပူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီမြတ်ကြီးတွင် ယနေ့ တန်ခူးလပြည့်နေ့ (မဟာသင်္ကြန်အကြတ်နေ့) နံနက်ပိုင်းက ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့၌ မဟာသင်္ကြန်အကြတ်နေ့တွင် ဘုရားကျောင်းကန်များ၌ စတုဒိသာကျွေးခြင်း ဥပုသ်သီလ ခံယူဆောက်တည်သူများဖြင့်စည်ကား
Apr 15,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် နှစ်သစ်ကူးမဟာသင်္ကြန်ကာလဖြစ်သည့် အကြတ်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ယနေ့နံနက်ပိုင်းမှစ၍ ဘုရား၊ ကျောင်းကန်များနှင့် တရားစခန်းများသို့သွားရောက်ပြီး အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည်ခြင်း စတုဒိသာအဖြစ် မုန့်လုံးရေပေါ်စသည့် ကုသိုလ်ဒါနပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့ကို  စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ
Apr 15,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့ကို ယနေ့နံနက်  ၁၀ နာရီက ဗန်းမော်မြို့ ၂မိုင် အောင်သာရပ်ကွက်ရှိ ဗလမင်းထင်ဂေါက်ကွင်းအနီး၌ အဆိုပါ ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများနှင့် တေးသီချင်းများ ကပြဖျော်ခြင်း၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် အတာရေကစားခြင်းကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။