သတင်းများ

ငွေဆောင်ကမ်းခြေ၌ သင်္ကြန်အကြို့နေတွင် အပန်းဖြေ လာ‌ရောက်သူများဖြင့် စည်ကား
Apr 14,2022
ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေ၌ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ ရုံးပိတ်ရက်တွင် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကာ လုံခြုံစိတ်ချမ်းမြေ့စွာဖြင့် အပန်း ဖြေလျက်ရှိကြောင်း သိရသည်။
မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲနှင့် ရဟန်ခံရှင်ပြု ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Apr 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်း ခရိုင်ကိုကိုးကျွန်းမြို့နယ်၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကိုကိုးကျွန်းမြို့နယ် သာသနာမဏ္ဍိုင်ကျောင်းအတွင်းရှိ ရဟန်းနှင့် ရှင်အပါး(၅၉)ပါးအား အမှတ်၃စစ်ဗျူဟာမှူး အမှတ်၂၈ ရေတပ်အခြေစိုက်စခန်းမှ အရာရှိစစ်သည် မိသားစုများ၊ ကိုကိုးကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ .မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးနှင့် မိသားစုများ.၊ မီးသတ်တပ်ဖွဲ့ဝင်မိသားစုများ၊ ဒေသခံပြည်သူများ ကိုကိုးကျွန်းမြို့နယ်လေတပ်စခန်းမှ အရာရှိသည်များ ဆွမ်းဆန် စိမ်းလောင်းလှူ ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းမြစ်ကမ်းတစ်လျှောက် သင်္ကြန်အကျနေ့ အပန်းဖြေ လာရောက်လည်ပတ်သူများပြား
Apr 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပေါင်းလောင်းမြစ်ကမ်းသို့ ၂၀၂၂ခုနှစ် သင်္ကြန်အကျနေ့တွင် လာရောက်လည်ပတ်သူများ များပြားလျက်ရှိကြောင်း သိရ သည်။     
ကွန်ဟိန်းမြို့၌  ရေပေါ်မဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Apr 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌  ၂၀၂၂ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ၊ရေပေါ်မဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်(၁၁:၀၀)နာရီအချိန်ခန့်က ဝိန်းလုံရေချိုးဆိပ် (ရေပေါ်သင်္ကြန်မဏ္ဍပ်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့၌ လေဘေးသင့်နေအိမ်များအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့မှုပစ္စည်းများ နေအိမ်များအရောက် သွားရောက်ကူညီထောက်ပံ့လှူဒါန်း
Apr 14,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့၌ ဧပြီလ ၉ ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးသင့်နေအိမ်များရှိရာ မကြီးကန်ကျေးရွာအုပ်စု၊ စမ်းကန်ကြီးကျေးရွာမှ မိသားစု နေအိမ် (၃)လုံး၊ ရွာသစ်ကန်ချိုင်ရပ်ကွက်မှ မိသားစုနေအိမ် (၁)လုံးတို့အား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပေးပို့လှူဒါန်းသော လေဘေးသင့်ကယ်ဆယ်ရေး ပစ္စည်းများဖြစ်သော တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ မြို့နယ်တပ်ဖွဲ့ခွဲမှူး ဦးကျော်စိန်မြနှင့်  တာဝန်ရှိ သူများက နေအိမ်များအရောက် သွားရောက်ကူညီ ထောက်ပံ့လှုဒါန်းခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မဟာသင်္ကြန်အကျနေ့တွင် ပြည်သူများ ပျော်ရွှင်စွာ ရေပက်ကစား
Apr 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်  ၁၃၈၃ ခုနှစ် မဟာသင်္ကြန်အကျနေ့တွင် ဟိုပုံးမြို့ မဟာသင်္ကြန်မဏ္ဍပ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစား သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းလျှောက်သင်္ကြန်ပါဝင်ဆင်နွှဲ
Apr 14,2022
ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ နံနက်ပိုင်း၌ ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် မဏ္ဍပ်များ၌ စည်းကားသိုက်မြိုက်စွာရေကစားနေမှုနှင့် ဌာနဆိုင်ရာအလိုက် စတုဒိသာကျွေးမွေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ဆင်နွှဲခဲ့သည်။