ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန် ပွဲတော်ကျင်းပရန်ငွေပဒေသာပင်နှင့် လှူဖွယ် ပစ္စည်းများပို့ဆောင်လှူဒါန်း

ကျိုက်ထို နိုဝင်ဘာ ၅

ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်အား သာသနာတော်သက္ကရာဇ် ၂၅၆၆ ခု - မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တန်‌ဆောင် မုန်းလပြည့်နေ့ နိုဝင်ဘာ ၇ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍ လှူဒါန်းမှုပစ္စည်းများအား သတ်မှတ်နေ့ရက် ဖြစ်သည့် နိုဝင်ဘာ ၅ ရက်နေ့တွင် ဌာနဆိုင်ရာများ၊ အ‌ခြေခံပညာရေးကျောင်းများ၊ လုပ်ငန်းရှင်များ၊ မြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၊ အသင်းအဖွဲ့များ၊ ပုက္ကလိကအလှူရှင်များ၊ ရပ်ဝေးရပ်နီးမှအလှူရှင်များကစုပေါင်း၍ မဟာဘုံကထိန်ပွဲကျင်းပမည့် မြို့နယ်သာသနဗိမာန်တော်သို့ လာရောက်ပို့‌ဆောင်လှူဒါန်းခဲ့ကြသည်။

 အဆိုပါ မဟာဘုံကထိန်ပွဲတော်ကြီးအား (၁၃၈၄) ခု တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာ ၇ ရက်နေ့တွင် အစီအစဉ်(၂)ပိုင်းခွဲ၍ကျင်းပ သွားမည်ဖြစ်ကြောင်းသိရပြီး ပထမပိုင်းအစီအစဉ်အရ နံနက် ၁၀ နာရီတွင် မဟာမေဃဝန်‌ကျောင်းတိုက် ဓမ္မာရုံ၌ ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး နေ့လယ် ၁ နာရီတွင် မြို့နယ်သာသနာ့ ဗိမာန်တော်၌ ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ၍ လှူဒါန်းထားသည့် ဆွမ်းဆန်စိမ်းအလှူတော်အား ဘုန်းတော်းကြီး‌ကျောင်းတိုက်ပေါင်း (၅၅) ကျောင်းသို့ သွားရောက်ပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်း မဟာဘုံကထိန် ဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။

ဝင်းမောင်(ကျိုက်ထို)