ဘီးလင်း နိုဝင်ဘာ ၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၂၆)ကြိမ်မြောက် စာရေးတံမဲနှင့်ဆွမ်းဆန်စိမ်းလောင်လှူပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီမှစတင်ကာ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်တပ်ဦးဘုန်းတော်ကြီးကျောင်းမှစတင်ကာ ကန်သာယာရပ်ကွက်လမ်းတစ်လျှောက် ပြည်သူ့ဆေးရုံရှေ့အထိ စည်ကားသိုက်မြိုက် စွာကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ(၂၆)ကြိမ်မြောက် စာရေးတံမဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲသို့ ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ဒေသခံပြည်သူများ၊ ပရဟိတအဖွဲ့ဝင်များက ဘီးလင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၅၅)ကျောင်းမှ သံဃာတော်အပါး ၇၀၀ ကျော်နှင့် သီလရှင်ဆရာလေးများအား မဟာဒုတ်ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္တုပစ္စည်း အမျိုးမျိုးလောင်းလှူခြင်း၊ အအေးများဆပ်ကပ် လှူဒါန်းခြင်းများကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြကြောင်း သိရသည်။
ထူးနောင်(ဘီးလင်း)