သီပေါ နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီ အသင်းခွဲ တပ်ဖွဲ့မှူးဒေါ်နန်းခင်ညွန့်လူက မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များက ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊မိုင်း၊ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေနိုင်သော စစ်လက်နက် အကြွင်းအကျန် များအကြောင်း၊ အဆိုပါပေါက်ကွဲစေနိုင်သော ပစ္စည်းများကြောင့် ဘေးအန္တရာယ် ကျရောက် ထိခိုက်နိုင်မှုများကို ဗွီနိုင်း၊ ပိုစတာများဖြင့် ရှင်းလင်းအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား မိုင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ကိုဖြန့်ဝေပေးခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း နှင့် အဆိုပါ မိုင်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများ ကိုမြို့နယ်အတွင်းရှိ ကျန်ရှိနေသော အခြေခံပညာကျောင်းများတွင် ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြိုနယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)