အမ်းမြို့နယ်၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

အမ်း နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား လေးဝတီသီချင်းဖြင့် ကပြဖြေဖျော်ဖွင့်လှစ်ပေးပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြစ်ပေါ်လာပုံအကျဉ်းအား ပြောကြားခဲ့သည်။

ဆက်လက်၍ ဝန်ထမ်းများ၏စွမ်းဆောင်ရည်အကောင်းဆုံးဆု၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးစွမ်းဆောင်ရည်အကောင်းဆု အငြိမ်းစားဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများပေးအပ်ကာ ဝန်ထမ်းများအား ဗလာမပါကံစမ်းမဲများ မဲဖောက်ကံစမ်းပေးပြီး မဲပေါက်ဝန်ထမ်းများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း