ကွမ်းလုံ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိညာပေးဟောပြောကို အမှတ်(၂)အခြေခံပညာ မူလွန်ကျောင်း၌ ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဇာချို က အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူများ ဖြစ်လာစေရန်၊ နိုင်ငံတော်၏သမိုင်းကြောင်းများ သိရှိနားလည်ပြီး အမျိုးဘာသာ/သာသနာကို ကာကွယ်စောင့်ရှောက်၍ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကိုထိန်းသိမ်းခြင်း၊ အမျိုးသားရေး အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်နိုင်မည့် မျိုးချစ်စိတ်ဓာတ်များ အစဉ်ထာဝရ ကိန်းအောင်းကြစေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုတများ တိုးပွားစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးအန္တရာယ် နံရံကပ်စာစောင်ပြသခြင်းနှင့် နယ်လှည့်စာအုပ်၊ စာစောင်ငှားရမ်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)