ညောင်တုန်းမြို့တွင် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်း၊ မြို့ပြင် ဒေသစာရီကြွချီ လှည့်လည်အပူဇော်ခံ

ညောင်တုန်း နိုဝင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သော တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကျင်းပရာ အမှတ် (၁)ရပ်ကွက် ယာယီစံကျောင်း‌မှ အပူဇော်ခံထားရှိသည့် နှစ်ကျိပ်ရှစ်ဆူဘုရားများအား နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်က မြို့တွင်း၊ ဒေသစာရီကြွချီ လှည့်လည် အပူဇော်ခံခဲ့သည်။

တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲသည် ညောင်တုန်းမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သော အထင်ကရ ဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး မြို့သူမြို့သားများ ရောဂါကင်းရှင်းရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ပဌာန်းဒေသနာများ ရွတ်ဖတ်ပူဇော်ကာ အစဉ်အလာမပျက် မြို့တွင်းရပ်ကွက်များသို့ ဒေသစာရီ ကြွချီအပူဇော်ခံခြင်းဖြစ်ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)