မိုင်းရယ် နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး၍ ဆီထွက်သီးနှံဖြစ်သည့် နေကြာကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တောင်သူများ အကျိုးပြုဖြစ်ထွန်း စေရန်ရည်ရွယ်၍ မျိုးစေ့ထုတ် ဆင်းရွှေကြာ စံပြစိုက်ကွက်စိုက်ပျိုးထားရှိမှုအား ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းရယ်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးအတွင်း မျိုးစေ့ထုတ် ဆင်းရွှေကြာ-၂ စံပြစိုက်ကွက်တွင် ပြုလုပ်သည်။
အဆိုပါ မျိုးစေ့ထုတ် ဆင်းရွှေကြာ-၂ စံပြစိုက်ကွက်စိုက်ပျိုးထားရှိမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန၊ ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
မိုင်းရယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယာသီးထပ်အဖြစ် နေကြာ ဧက(၃၀) အား ကျေးရွာအုပ်စု(၁၀)အုပ်စုတွင် တောင်သူ(၁၅)ဦးဖြင့် နေကြာမျိုး(၃)မျိုးအား စိုက်ပျိုးလျက်ရှိပြီး လယ်မြေများတွင်ပါ တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ပညာပေးစည်းရုံးလျက် ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)